Searching...
Sunday, April 7, 2013

☺အိမ်ထောင်ကျခြင်းနှင့် အိမ်ထောင်ပြုခြင်း ကွာခြားချက်☺

"ဟေ့ကောင်မင်းအိမ်ထောင်ကျသွားပြီဆို" ထိုသိုမေးသောအသံများကိုကျွန်တော်တို့၏ပါတ်ဝန်းကျင်တွင်
ကောင်းကောင်းကြားဘူး ခဲ့ ပါလိမ့်မည်။ထို့အပြင် "ငါကတော့အိမ်ထောင်ပြုလိုက်ပြီကွ ဟိုတလောကပဲ" ထိုသို့ပြောသံများလဲကြားဖူးကြပေလိမ့်မည်။ထိုနေရာတွင်မေးစရာရှိလာပါ၏။ တူတူပဲမဟုတ်ဘူးလား?။

အဖြေကတော့ အလွန်ကွာခြားပါတယ်ဟုပြောရပါမည်။အမှန်တကယ်ပင်ကွာခြားပါသည်။

အဖြေကွားခြားသလို နောက်ဆက်တွဲပြသနာများလဲကွာခြားပါသည်။
ထိုအကြောင်းနှင့်ပါတ်သက်ရု် ကျွန်တော်သိထားသောအသိအချို့ ကို ဝေမျှခြင်းဖြစ်ပါသည်။
လက်ခံသည်လက်မခံသည်က သင်တို့၏စဉ်းစားရမည့်အပိုင်းဖြစ်ပါသည်။
ကျွန်တော့်အပိုင်းကတော့ပြောပြချင်

သည်။



ပထမဦးဆုံးအိမ်ထောင်ကျခြင်းအကြောင်းကိုအရင်ပြောချင်ပါ၏။

အိမ်ထောင်ကျသည်ဆိုသည်မှာ လူငယ်တော်တော်များများတွင်ဖြစ့်လေ့ရှိသည်(ချွင်းချက် လူကြီးအချို့ လဲ ပါသည်)။

ထိုကဲ့သိုဖြစ်စေသောတွန်းအားများမှာလည်းယနေ့ခတ်တွင်အလွန်မှပိုရု်ပေါ်များပေသည်။ ဥပမာ -တည်းခိုခန်များ၊ မိုတယ်များ၊ဟော်တယ်များ၊ PArty များ ကလပ် များ ။ပိုမိုများပြားလာခြင်း)။ ထိုကဲ့ သိုလူငယ်များ အတွက် အရွယ်မတိုင်ခင် နယ်ကျွံရန် အခွင့်အလမ်းပိုများပါတယ်။ထိုအခါ အရွယ်မတိုင်းခင် ကိုယ်ဝန်ဆောင်ရချင်းတွေဖြစ်လာမယ်။ ထိုအခါမှာကျွန်တော်ပြောတဲ့  အိမ်ထောင်ကျခြင်းဆိုတာစပြီးဖြစ်လာပါတော့တယ်။

အိမ်ထောင်ကျ တယ်ဆိုတာ စီစဉ်ထားချင်းမရှိပဲ သေခြာဆုံးဖြတ်ထားခြင်းမရှိပဲ အိမ်ထောင်တခုထဲကို (ခွေးကျ ၀က်ကျ) ကျသွားတာကိုဆိုလိုတာပါ။

ဒီမိန်းကလေး/ယောကျာ်းလေး ကိုတကယ်ချစ်ချစ်မချစ် သူကလည်း ကို့အပေါ်တကယ်ချစ်၏ မချစ်၏။

သေခြာမသိဘဲကံကိုယုံရ်ဆူးပုံပေါ်ခုန်ချသွားတဲ့ သူတွေလဲများပါတယ်။
ကိုလက်ထပ်လိုက်တဲ့ သူက(ကိုယ်အိမ်ထောင်ကျဘက်က)ကိုမကြိုက်က်တဲ့ ဘယ်လိုအချက်တွေရှိလဲဆိုတာမလေ့လာခဲ့ မိတော့ယူပြီးမှသူ့ရဲ့ 
အကျင့်တွေက ဗွင်းဗွင်းကြီးပေါ်လာမှစိတ်ပျက်စိတ်ကုန်တွေဖြစ်ကျပါတယ်။
အဲ့ ဒိနောက်အိမ်ထောင်ရေးဟာဘယ်လိုမှမစဉ်မပြေနိုင်ပါဘူး။မိမိတို့ လူမိုက်နှစ်ယောက်ထဲဆိုရင်ကိစ္စမရှိပေ။
သို့သော် ဘာမှမသိနားမလည်သော ကလေးများကိုလူ့ ဘ၀ထဲခေါ်သွင်း ပြီး ဒုက္ခတွေပေးသည့်သူများလဲရှိသည်။

ကိုယ့်မိုက်ပြစ်ကို အပြစ်မရှိတဲ့ သူကပါရောခံရပေးသည်။ကံပဲဟုမပြောပါနဲ့  ကံကြမ္မာဆိုသည်မှာ အဓိပါယ်ရှိသည်။

ကံဆိုသောအရာကသူ့ ဘာသူတည်ပြီးကြမ္မာက လူလုပ်ခြင်းဖြစ်ပေသည်။

ကြမ္မာပြောင်းလျှင်ကံပါပြောင်းသည်ကိုသတိပြုမိစေလိုသည်။

ထို့အပြင်ချစ်သည်ဟုထင်ယောက်ထင်မှားဖြစ်မှန်းကို ဆန်းစစ် ချိန်မရဘဲ အိမ်ထောင်ကျလိုက်ရသောကြောင့် ယူပြီးမှ တကယ်မချစ်ကြောင်း သိလာရပေသည်။ထို့နောက် သစ္စာဖောက်ရန် အတွက်ဆင်ခြေက အခုမှချစ်တဲ့ သူတွေ့ တာဟုပြောမည်။သူတပါးသားပျိုသမီးပျိုကို ပါ ဒုသနသောဖြစ်အောင်လုပ်တော့ပေမည်။

ထိုကဲသိုအိမ်ထောင်ကျ ခြင်း၏အကျိုးဆက်များကပြောလို့ကုန်မည်ဟု
မထင်ပါ။


နောက်ထပ်တခုထပ်ပြောပါမယ် အဲ့ ဒါကတော့အိမ်ထောင်ပြုခြင်းပါပဲ။

စကားလုံးချင်းဆင်တူပေမဲ့ အနှစ်သာရခြင်းကတော့တကယ်ကွာပါတယ်။

ချစ်သူနှစ်ဦးတဦးကိုတစ်ချစ်မှန်းသေခြာ သောအခါအိမ်ထောင်ပြုဖို့
စဉ်းစားကြပါတယ်။သူ့မိဘကိုယ့်မိဘ နှစ်ဘက်ကဘယ်လိုလဲ။
မိမိချစ်သူကမပြောင်းလဲတဲ့ ချစ်သူလား။စဉ်းစားကျတယ်။

ပြီးတော့အိမ်ထောင်းတခုတည်ထောင်ဖို့လိုအပ်ချက်တွေကိုနှစ်ဦးနှစ်ဖက်
တွေးကျတယ်။ကိုလိုတာသူပြော သူလိုတာကိုပြော။ညှိကြတယ်။
ညှိလို့မရရင်စောစောစီးစီးလမ်းခွဲနောက်မကျပါဘူး။
သဘောထားတိုက်ဆိုင်တော့ ပြန်တော့မိမိတို့နောင်ရေးအတွက်
အ၇င်စုဆောင်းကြပါတယ်။စုဆောင်းလို့ပြည့်ဝသွားရင်လက်တွဲကြပါတယ်။

အခြေခိုင်ခဲ့ တဲ့ အိမ်ထောင်ပြုချင်းက ပြိုကွဲဖို့ခတ်ပါတယ်။လုံးဝမပြိုကွဲဘူးလို့မပြောပါဘူး လူဆိုတာစိတ်အမျိုးမျိုးလေ။

ဒါပေမဲ့ နှစ်ဦးကအရင်ထဲကတိုင်ပင်ချစ်ခင် တဲ့ သူတွေဆိုတေြာု့ပသနာတွေကိုပြောပြတိုင်ပင် ခွင့်လွတ်ဖို့လိုကခွင့်လွှတ်ပေးနိုင်ပါတယ်။ထို့ကြောင့်ပြုထားတဲ့ အိမ်ထောင်တခုဟာ ပျက်ဖို့ခတ်ပါတယ်။

ထို့ကြောင့်ဘ၀မှာ အိမ်ထောင်ပြုနိုင်ကြပါစေလို့ဆုတောင်ပါတယ်။



အချို့ မြစ်

ရေးမိရေးရာလေးများ

0 ☻အမှတ်တရ☻:

Post a Comment

 
အပေါ်သို့!