Searching...
Monday, April 8, 2013

\\စိတ်ပါတဲ့ဘော်ဘော်များအတွက် မုန်လုပ်နည်း...//



့မုန့်လုပ်တာဝါသနာပါတဲ့ဒေါ်ခင်ကြည်တစ်ယောက် ညနေ ငါးနာရီမှာ ရေဒီယိုက ကိတ်မုန့်ဖုတ်နည်း အသံလွှင့်မယ်ဆိုလို့ ခဲတံနဲ့စာအုပ်ဖွင့်ပြီးစောင့်နေပါတယ်... ညနေငါးနာရီထိုးတော့ ရေဒီယိုကကိတ်မုန့်ဖုတ်နည်း အသံလွှင့်တာတော့လာပါတယ်။ ဒါပေမယ့် ကပ်ရက်လိုင်းက ကျန်းမာရေးလေ့ကျင့်ခန်းကအသံတွေနဲ့ရောနေတော့ ဒေါ်ခင်ကြည်ရဲ့မှတ်စုစာအုပ်ကို အသံလွှင့်အစီအစဉ်အပြီးမှာကြည့်လိုက်ရင် • ဂျုံမှုန့်...သန့်သန့်တစ်ပိဿာကိုယူပြီး ဒူးကိုကွေးလိုက်ပါ • ကြက်ဥနှစ်လုံးကိုဖောက်၍ အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ • ဂျုံမှုန့်နှင့်ကြက်ဥနှစ်ကိုရောနယ်၍ ကြမ်းပြင်ပေါ်ပက်လက်လှဲလိုက်ပါ • သကြားနှင့်ထောပတ်အနည်းငယ်ရော၍ ဒူးနှစ်ဖက်ကိုကွေး၍ထောင်ပါ • ၁ နာရီခန့်အပူပေးပြီး ခြေနှစ်ချောင်းကိုကားပြီးချိန်တွင် အသင့်စားသုံးနိုင်ပါပြီ... 
 
☻(ဆရာဦးအောင်သင်း၏ဆောင်းပါးတစ်ပုဒ်မှ မှီငြမ်းပါသည်)☻

0 ☻အမှတ်တရ☻:

Post a Comment

 
အပေါ်သို့!