Searching...
Sunday, April 7, 2013

☻ကတိပေးသူဟာ ကတိဖျက်သူသာဖြစ်တယ်တဲ့ ဆရာမင်းခိုက်စိုးစန်ကပြောတယ်☻


အဲဒီလိုဆို ကတိတွေ ခဏခဏတောင်းမိသူဟာ
မိုက်မဲသူပဲပေါ့

လူတစ်ယောက်ကို
ကတိတွေခဏခဏမတောင်းမိပါစေနဲ့
ကတိဆိုတာ တောင်းရတာမဟုတ်ဘူး
သူကပေးမှ ကိုယ်ကလက်ခံရတာမျိုးပါ

သူ့စိတ်ထဲကမပါပဲ အားနာနာနဲ့ သင့်ကိုပေးတဲ့ကတိမျိုးဟာ သင့်ကိုတချိန် ပြန်နာကျင်စေတတ်ပါတယ်

တကယ်တော့ချစ်သူတွေရဲ့ သစ္စာဆိုတာ ကတိစကားတွေနဲ့
အတင်းချည်နှောင်လို့ရတာမဟုတ်ဘူး
သူ့ရဲ့ချစ်တဲ့စိတ်နဲ့ပဲ ချည်နှောင်လို့ရတာ

အချစ်မရှိတော့ရင် ကတိစကားဆိုတာလည်း
အလိုလိုပျောက်ကွယ်သွားတတ်တဲ့အရာမျိုးပဲ~~




ခင်မင်လျက်
ကောင်ကလေး

0 ☻အမှတ်တရ☻:

Post a Comment

 
အပေါ်သို့!