Searching...
Monday, June 10, 2013

နင်.............သိလား..............။ *********************



နင်တို့ကြောင့်
ငါတို့ စိတ်ပူတာ သိလား။

နင်းတို့ကြောင့်
ငါတို့ ခေါင်းကြီးနေတာ သိလား။

နင်တို့ကြောင့်
ငါတို့ အိပ်မပျော်တာ သိလား။

နင်တို့ကြောင့်
ငါတို့ အရှက်ရနေတာ

သိလား။

နင်တို့ကြောင့်
ငါတို့ သွေးပူနေတာ သိလား။

ဘာကြောင့်
ရုပ်ရှင်ဗီဒီယိုလောက ကျဆင်းနေတယ်ဆိုတာ
နင်တို့ အခုထိ မသိသေးဘူးလား။

နင်တို့
ဘယ်နေရာက ရပ်ကြမှာလဲ။

တစ်တိုင်းပြည်လုံး ခေါင်းခဲနေချိန်မှာ
နင်တို့ ဘယ်အတွက်ကြောင့်
တိုင်းပြည်ကို အရောင်ဆိုးနေတာလဲ။

နင်တို့ နှလုံးသားတွေက
ဘယ်မှာ နူးညံ့နေကြတာလဲ။

နင်တို့ကို
ငါတို့ အားကိုးချင်တယ်....ဟယ်။

နင်တို့ဟာ
တိုင်ပြည်ရဲ့ တံခွန်တွေ ဖြစ်တယ်။

နင်တို့ဟာ
ငါတို့တွေရဲ့ အနာဂတ်ဖြစ်တယ်။

ငါတို့ရဲ့ အနာဂတ်ဟာ
နင်တို့ ဖြစ်စေချင်တယ်......ဟယ်။

(အလ္လာဟ်အားအမွေပြတ်စွန့်လွှတ်ခြင်းအဖွဲ့)

0 ☻အမှတ်တရ☻:

Post a Comment

 
အပေါ်သို့!