
သူမ ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမဲ့ စိတ်မကောင်းဘူးဗျာ ။
သင်္ကြန်ဆိုတာ မြန်မာ့ ရိုးရာလား ......... ?
ဘယ်လိုဖြစ်လို့ တိုင်းတပါးသားက ယဉ်ကျေးပြီး ။ ကိုယ့်အမျိုးက ..........
ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကြင်ရပါတယ် ။
ရိုင်းစိုင်းတဲ့ သရုပ်ပြတွေနဲ့ မြန်မာ့ ယဉ်ကျေးမူ့ကို ဖွင့်ဟ ပြနေသလားပဲ ။
သူတို့တွေပြောဖူးကြပါတယ်
ရောမရောက်ရင် ရောမလိုကျင့်ရတယ်တဲ့ ။
ခု တိုင်းတပါးသားတွေ ရောက်နေတာ မြန်မာပြည်မှာ မြန်မာလိုတောင် ၀တ်စားပြီး ၊ ဘုရားသွားကျောင်းတက်လုပ်ကျတ
ကိုယ့်အမျိုးများကတော့ မြန်မာမှာနေလည်း မြန်မာလို မကျင့်ကျပါဘူး ။ တိုင်းတပါးမှာနေလည်း တိုင်းတပါးလိုပဲ ကျင့်နေကြတာ ။ အဲ့တော့ မြန်မာဆိုတာ ပျောက်ကွယ်သွားမလားလို့ စိုးထိတ်မိတာတော့ အမှန်ပဲဗျာ ။
နောင်လာနောက်သားတွေ မြန်မာဆိုတာကို ပြတိုက်ထဲမှာ သွားကြည့်နေရမလား .... ?
ရင်ထဲက အတိုင်းမသိနာကြင်မူ့ ၁ ခုက ကိုယ့်နိုင်ငံသားကပဲ ဖျက်စီးနေပါလားဆိုတဲ့ အသိနဲ့တင် ရှက်လာမိတယ်ဗျာ ။
စစ်ကြီး
0 ☻အမှတ်တရ☻:
Post a Comment