Searching...
Saturday, April 13, 2013

☻မိုးကောင်းကင်ကိုတွေ့ပါတယ် ဘုရား☻

 



ဘုန်းကြီးတစ်ပါးက သူ့ဒကာတစ်ယောက်ကိုပြောတယ်....

"ဒကာ... ခေါင်းမော့ကြည့်လိုက်ရင် ဘာတွေ့သလဲ"

"မိုးကောင်းကင်ကိုတွေ့ပါတယ် ဘုရား"

"မိုးကောင်းကင်က အကြီးကြီး... ဒါပေမယ့် ဒီမိုးကောင်းကင်တစ်ခုလုံးကို ဘုန်းဘုန်း လက်တစ်ဖက်တည်းနဲ့ ကာပစ်လို့ရတယ်"

ဘုန်းကြီးက ပြောပြောဆိုဆို ဒကာရဲ့မျက်လုံးကို သူ့လက်ဖဝါးနဲ့ ပိတ်လိုက်ပြီး "ကဲ.. မိုးကောင်ကင်ကို မြင်သေးလား ဒကာ"

လို့မေးလိုက်တယ်။


ဘဝထဲက ဦးနှောက်ခြောက် စိတ်ညစ်စရာတွေက အဲဒီလက်ဖဝါးလေးပါပဲ... သေးငယ်လွန်းပါတယ်
တကယ်လို့ အဲဒီစိတ်ညစ်စရာတွေကို သင်လွတ်မချဘဲ၊ မပစ်ထုတ်ဘဲ မျက်စိရှေ့ထားလိုက်၊ စိတ်ထဲထည့်ထားလိုက်လုပ်ရင်
လူ့လောကရဲ့ တောက်ပတဲ့နေရောင်ခြည်နဲ့ လှပတဲ့ကောင်းကင်ပြာကို သင်လက်လွတ်သွားပါလိမ့်မယ်။
.

1 ☻အမှတ်တရ☻:

 
အပေါ်သို့!