သမီးမုန်းလိုက်တာဖေဖေရယ်
ကိုယ်တိုင်ဆုံးဖြတ်လာရတော့ အမိန့်ဆိုတာ သူတို့မသိဘူး
သူတို့ကြည့်ပြီးအပျော်တမ်းရ
တကယ့်ကျည်ဆံတွေကြား အသက်လုနေရတဲ့ ဖေဖေတို့ကိုသူတို့မသိဘူး
သူတို့သိပ်မုန်းတဲ့စစ်သားတေ
အမိန့်ပေးလိုက်ရင် မဖြစ်မနေအကောင်ထည်ဖော် ပေးနေရတဲ့ စစ်သားတွေရဲ့ဘဝကို သူတို့မသိဘူး
အမိန့်မပေးခဲ့ရင် ကိုယ့်အသက်ကိုထိပါးလာရင်ေ
တာ
စစ်သားတွေရဲ့ တာဝန်ကိုသူတို့မသိဘူး
ရှေ့တန်းရောက်နေတဲ့ဖေဖေကို စိတ်ပူနေရတဲ့ စိုးရိမ်နေရတဲစစ်သားသားသမီး
ကိုယ်ချင်းမစာတတ်ကြဘူး
တပ်ရင်းတွေမှာတူတူလိုက်နေရင
ရန်သူတက်လာလို့ကျီးလန့်စာစာ
နယ်မြေတွေအကြောင်းကို သူတို့မသိဘူး
မိသားစုတူတူမနေရဘဲ တစ်ကွဲစီနေရတဲ့ စစ်သားတွေနဲ့ မိသားစုရဲ့ခံစားချက်ကို သူတို့မသိဘူး
သူတို့ဘာမှမသိဘူး
အဲ့လိုလူတွေကို သမီးမုန်းတယ်ဖေဖေ
သမီးမုန်းတယ်
ဒါပေမဲ့ သမီးခွင့်လွှတ်ပါတယ်
ဖေဖေတို့ကိုစစ်ခွေးလို့ ပြောတဲ့လူတွေ က
သမီးတို့ဘဝမှန်ကို မမြင်နိုင်လောက်အောင်
သူတို့ကံကောင်းခဲ့တယ်
သူတို့ဘဝတွေ အေးချမ်းလွန်းခဲ့တယ်
သူတို့သိပ်ကံကောင်းခဲ့ပါတယ်
May Kha
0 ☻အမှတ်တရ☻:
Post a Comment